Sunday, January 13, 2019

11:24 PM






MI ဖုန်းတွေမှာ Internal Storage နည်းလို့ Application & Game တွေ သွင်းထားတာများလို့ Storage Space Running Out လို့ပေါ်နေပြီလား၊ Storage Space Running Out လို့ပေါ်မှာစိုးလို့ Application & Game တွေ မသွင်းရဲဘူးဖြစ်နေလား၊ အဲဒီ ပြသနာကိုဖြေရှင်းဖို့က လွယ်ပါတယ်၊ SD Card စိုက်လိုက်ပေါ့.......
SD Card စိုက်လိုက်တာနဲ့ Storage Space Running Out ဆိုတာကြီးကမပေါ်တော့ဘူးလား ပေါ်အုံးမှာပါဘဲ။
လွယ်ပါတယ် လုပ်နည်းလေး ပြောပြပေးပါမှာပေါ့.....၊
Admin ကိုင်တဲ့ဖုန်းက Internal Storage က 16GB အဲ့ကောင်လေးကိုမှ Game ကို Mobile Legends ဆော့တာဆိုတော့ Data ဆွဲတာနဲ့ဘာနဲ့ဆိုတော့ အခြား Application တွေသွင်းရင် Storage Space Running Out ဆိုပြီးပေါ်လာရော
အခုလက်ရှိ စမ်းသပ်ထားတာကတော့
MIUI 10 တင်ထားပြီး Internal Storage 16GB ဘဲရှိတဲ့ကောင်လေးကို စမ်းထားတာပါ။ Non Root Method ပါ
ပုံ ၁ ကတော့ Storage မတိုးခင်က Size ပါ
ပုံ ၂ ကတော့ Storage တိုးပြီး Size ပါ
လိုအပ်တာတွေကတော့
Computer တစ်လုံး

SD Card 32GB တစ်ကဒ် (16GB လည်းရပါတယ်နော်)
ADB Tool Internal တိုးချင်တဲ့ ဖုန်းတစ်လုံး

မတိုးခင် SD Card ထဲက Data တွေကို အရင် သိမ်းထားလိုက်ပါအုံး
Do it your own risk
ကဲ ကဲ လုပ်နည်းလေးက အောက်မှာကြည့်လိုက်ပါ
1 USB debugging On ထားရပါမယ်။
2 ဖုန်းကို Computer နဲ့ချိတ်ပါ။
3 ADB Tool ထဲမှာ Command တွေစရေးလို့ရပါပြီ။
ရေးရမှာတွေကတော့
adb devices
adb shell
sm set-force-adoptable true
sm list-disks (disk:179,64 ဆိုပြီးပေါ်လာပါမယ်)
sm partition disk:179,64 mixed 60
sm list-volumes
(mounted ဆိုတဲ့နောက်မှာ ပေါ်လာတဲ့ ကောင်လေးက တစ်လုံးနဲ့တစ်လုံး ID တူမှာမဟုတ်တဲ့အတွက်
ပေါ်လာတဲ့ စာလေးကို ယူရမှာပါ..
Admin ဆီမှာက a3a85aeb-2aaa-480b-ac4b-8eb3afccf4fe လို့ပေါ်တဲ့အတွက် အောက်က Command ရဲ့ storage နောက်မှာ a3a85aeb-2aaa-480b-ac4b-8eb3afccf4fe ကိုထည့်ပေးထားပါတယ်၊ ချိဖတို့ ချိမတို့ကလည်း ပေါ်လာတဲ့ စာလုံးလေးတွေကို အစားထိုးထည့်ပေးရမှာပါ)
pm move-primary-storage a3a85aeb-2aaa-480b-ac4b-8eb3afccf4fe
Success လို့ပြရင်တော့ဆက်ပြီးရိုက်ရမယ့် command တွေကတော့
exit
adb reboot
စက်လေးပြန်တက်လာရင်တော့ Internal Storage က တိုးနေတာမြင်ရပြီပေါ့။ Data size ကြီးတဲ့ Game တွေထည့်ချင်လား၊ ဒါမှမဟုတ် Applecation တွေ အများကြီးသွင်းချင်လား၊ အကုန်လုပ်လို့ရသွားပြီနော်.................။ဒါပေမယ့် SD Card တော့ပြန်ထုတ်လို့မရဘူးနော်။